ဘော့ဆွာနာနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် ၂၂ ဦးထက်မနည်းသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

 



ဇွန် ၂


ဘော့ဆွာနာနိုင်ငံအရှေ့မြောက်ပိုင်းတွင် ယမန်နေ့က ယာဉ်မတော်မှုဖြစ်ပွားသဖြင့် လူ ၂၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။


အဆိုပါယာဉ်မတော်တဆဖြစ်ပွားမှုသည် ဘော့ဆွာနာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖရန်စစ်တောင်း၏ အနောက်မြောက်ဘက်ရှိ လမ်းမပေါ်တွင် မီနီဘတ်တစ်စီးနှင့် ထရပ်ကားတစ်စီးတို့ တိုက်မိခြင်းဖြစ်သည်ဟု  ဖော်ပြထားသည်။


ထိုယာဉ်တိုက်မှုဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.