မြင်းခြံမြို့နယ်တွင် အမျိုးသားနှစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး
မြင်းခြံ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး
မြင်းခြံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အမျိုးသားနှစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးသွားကြောင်း
သိရသည်။
ဖြစ်စဉ်မှာ
ယနေ့ နံနက် ၉ နာရီ ၄၈ မိနစ်ခန့်တွင် အမှတ် (၄)ရပ်ကွက်၊ နယ်မြေ (၁၁)ရှိ အကျယ်သုံးပေခန့်၊
အနက် ပေ ၃၀ ခန့်ရှိသော ရေတွင်းထဲသို့ အမျိုးသားနှစ်ဦး
ပြုတ်ကျသွားကြောင်း သတင်းရရှိသဖြင့် ဦးစီးအရာရှိ ဦးသန်းမြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၀
ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ရာ ပြုတ်ကျသွားသည့် အမျိုးသားနှစ်ဦးအား နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင်
ဆယ်ယူနိုင်ခဲ့ပြီး အဖြူရောင်လက်များ ပရဟိတလူမှုကူညီရေးအသင်းကားဖြင့် ခရိုင်ပြည်သူ့ဆေးရုံသို့
ပို့ဆောင် ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

No comments