တီးတိန်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားပြုလုပ်




တီးတိန် ဇွန် ၁၅


ချင်းပြည်နယ်၊ တီးတိန်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တီးတိန်မြို့နယ် ဦးစီးမှူးရုံးသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သော တီးတိန်မြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်  ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း ဓမ္မာရုံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တီးတိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်း က အမှာစကားပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။


အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ ခရိုင်စီမံစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်း နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၂၀ ကိုပေးအပ်ခဲ့ကြောင်း တီးတိန်မြို့နယ်လဝကဦးစီးမှူးရုံးမှ သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.