ကနေဒါနိုင်ငံ၌ ဒီရေမြင့်တက်လာသဖြင့် ငါးဖမ်းနေသည့်ကလေး လေးဦး ရေနစ်သေဆုံး၊ အမျိုးသားတစ်ဦးပျောက်ဆုံးနေ
ဇွန် ၅
ကနေဒါနိုင်ငံ ကီဘတ်မြို့တွင်
ဇွန် ၃ ရက်ကဒီရေမြင့်တက်လာသဖြင့် ငါးဖမ်းနေသည့် ကလေးလေးဦးသေဆုံးကြောင်း အတည်ပြုထားပြီး
တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။
စိန့်လောရန့်မြစ်အတွင်းရှိ
မြစ်ကမ်းပါးတွင် ငါးမျှားနေသည့် ၁၁ ဦး အုပ်စုတွင် ကလေးများပါဝင်သည်ဟု သိရသည်။
ငါးမျှားနေသည့်ကလေးများအားလုံးသည်
အသက်ဆယ်နှစ်အထက် အရွယ်များဖြစ်ကြပြီးရေနစ်သည့် ကလေးများကို ဒေသတွင်းကျန်းမာရေးစင်တာသို့ပို့ဆောင်ခဲ့ရာ
၎င်းတို့သေဆုံးမှုကို ဆရာဝန်တစ်ဦးက အတည်ပြုပေးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။
၁၁ ဦးအုပ်စုမှခြောက်ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး
ပျောက်ဆုံးနေသောအမျိုးသားတစ်ဦးကို မြေပြင်မှယာဉ်များနှင့် ရဟတ်ယာဉ်တို့ဖြင့် ရှာဖွေနေဆဲဖြစ်သည်။
ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး
မည်သို့မည်ပုံဖြစ်ပျက်သည်ကိုသိရှိရန် ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးနှင့် မှုခင်းဆေးပညာဆိုင်ရာအဖွဲ့များအား
ဖြန့်ချထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments