နယူးယောက်၌ နိုင်ငံခြားခရီးသွားများ လိုက်ပါသော လှေတစ်စင်းတိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံး၊ တစ်ဒါဇင်နီးပါး ဒဏ်ရာရ
ဇွန် ၁၃
နယူးယောက်မြို့တွင် ယမန်နေ့က နိုင်ငံခြားခရီးသွား ၂၈ ဦးနှင့် လမ်းပြတစ်ဦးလိုက်ပါသော ခရီးသွားလှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဒါဇင်နီးပါးဒဏ်ရာရရှိခဲ့သည်ဟု မီဒီယာက ဖော်ပြထားသည်။
အဆိုပါလှေသည် ဟန်ချက်ပျက်ကာ လော့ခ်ပေါ့ရေလိုဏ်ခေါင်းတွင် တိမ်းမှောက်ခဲ့ပြီး လှေပေါ်ပါခရီးသည်အားလုံး ရေထဲသို့ကျရောက်သွားသည်။
လှေသမားများက လူ၁၆ ဦးနီးပါးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့သော လူ တစ်ဒါဇင်နီးပါးကို ဒေသတွင်းဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း လော့ခ်ပေါ့ မီးသတ်အကြီးအကဲက ပြောကြားသည်။
ထိုလှေတိမ်းမှောက်မှုကြောင့် အသက် ၆၀ နီးပါးအရွယ် အမျိုးသားတစ်ဦးသည် လှေအောက်တွင် ပိတ်မိပြီး သေဆုံးသွားခဲ့သည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments