ဇင်ဘာဘွေနိုင်ငံ၌ ကာလဝမ်းရောဂါသံသယရှိလူနာ ၃၀၀၀ ကျော်ရှိလာ

 



ဇွန် ၃၀


ဇင်ဘာဘွေနိုင်ငံတွင် ကာလဝမ်းရောဂါသံသယရှိလူနာ ၃၀၁၇ ဦးအထိ မြင့်တက်လာပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၉၁၀ ရှိကြောင်း အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ယမန်နေ့က ပြောကြားသည်။


အဆိုပါကာလဝမ်းရောဂါကြောင့် ၁၉ ဦးသေဆုံးကြောင်း အတည်ပြုထားပြီး ယင်းရောဂါသံသယသေဆုံးသူ ၅၂ ဦးရှိသည်ဟု သိရသည်။


နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အားလုံးတွင် ကာလဝမ်းရောဂါသံသယရှိလူနာများရှိကြောင်း၊ မာနီကာလန်ပြည်နယ်တွင် ထိုရောဂါသံသယရှိလူနာအရေအတွက် အများဆုံးဖြစ်ပြီး ၁၂၅၁ ဦးရှိကြောင်း၊ မြို့တော် ဟာရာရီတွင် ၁၁၂၁ ဦး နှင့် မာတာဘီလီလန်တောင်ပိုင်းပြည်နယ်တွင် ၂၇၇ ဦးတို့ဖြစ်ကြောင်း ပြန်ကြားရေး၊ ကြော်ငြာနှင့် ရုပ်သံလွှင့်ဌာနဆိုင်ရာဝန်ကြီး မိုနီကာမတ်စဗန်ဝါက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.