ဂျပန်နိုင်ငံ၌ ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ




ဇွန် ၁၄


ဂျပန်နိုင်ငံ နီအီဂါတာခရိုင်တွင် ဓာတုစက်ရုံတစ်ရုံပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။


အီတိုဂါဝါမြို့ရှိ ဒန်ကာဓာတုစက်ရုံတွင် ပေါက်ကွဲမှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ယနေ့မနက်အစောပိုင်းက အရေးပေါ်ခေါ်ဆိုမှုရရှိခဲ့သည်ဟူသော ဒေသတွင်းရဲတပ်ဖွဲ့နှင့် မီးသတ်သမားများ၏ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုနယူးစ်သတင်းဌာနက ဖော်ပြထားသည်။


အဆိုပါစက်ရုံပေါက်ကွဲမှုဖြစ်ပွားချိန်က အသက် ၅၆ နှစ်အရွယ် စန်ဂျေအီဝါတန်အာဘေးဆိုသူ အလုပ်သမားတစ်ဦးနှင့် အခြား အသက် ၃၀ နှင့် ၄၀ အရွယ် အလုပ်သမားတို့သည် စက်ရုံရှိ ပိုက်များကို ဖြတ်တောက်နေခြင်းဖြစ်ကြောင်း ထိုသတင်းဌာနက ဖော်ပြထားသည်။


ဝါတန်အာဘေးကို ဆေးရုသို့ပို့ဆောင်ချိန်က ၎င်းတွင် မည်သည့်လက္ခဏာမျှပြသခြင်းမရှိဟု ထပ်လောင်းဖော်ပြထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.