ဖိလစ်ပိုင်နိုင်ငံ၌ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ၁၈ ဦးဒဏ်ရာရ

 



ဇွန်၃၀


ဖိလစ်ပိုင်နိုင်ငံ မင်ဒါအိုပြည်နယ်တွင် ယမန်နေ့မနက်ပိုင်းက ဈေးဝယ်စင်တာတစ်ခု၌ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။


အဆိုပါပေါက်ကွဲမှုသည် ကာလာပန်မြို့တွင် ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ထိုမတော်တဆမှုကြောင့် ဈေးဝယ်စင်တာအပြင်ဘက် ကားရပ်နားကွင်းတွင် ရပ်နားထားသောကား ၁၃ စီးထက်မနည်း ပျက်စီးသွားခဲ့သည်။


ကနဦးစုံစမ်းစစ်ဆေးချက်အရ ကိုရီးယားစားသောက်ဆိုင်တစ်ဆိုင်အတွင်း ဓါတ်ငွေ့ယိုစိမ့်ရာမှပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။


ပေါက်ကွဲမှုကြောင့် စားသောက်ဆိုင်အလုပ်သမားလေးဦးအပါအဝင် ပစ္စည်းပို့ပေးသူတစ်ဦးနှင့် ဆိုင်သို့လာရောက် စားသောက်သူများပါ ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန် မာလော့မိုရီလိုက ပြောကြားသည်။


ဒဏ်ရာရရှိသူများအား ဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယင်းဒဏ်ရာရသူများတွင် စားသောက်ဆိုင်သို့ လာရောက်စားသောက်သော တောင်ကိုရီးယားနိုင်ငံသားနှစ်ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.