အမေရိကန်နိုင်ငံ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူသုံးဦးထက်မနည်းသေဆုံး

 



ဇွန် ၂၃


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ မြို့ငယ်လေးတစ်မြို့ဖြစ်သော မာတာဒါတွင်  ဇွန်လ ၂၁ ရက်နေ့ညပိုင်းက လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီးနောက် လူသုံးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။


ထိုပြည်နယ်တွင် အပူချိန်ဆက်လက်မြင့်မားနေဆဲဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။


အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများနှင့် ယာဉ်အချို့  ပျက်စီးမှုများပြားခဲ့သည်။ ဒေသခံ ၆၀၀ ခန့်နေထိုင်သော တက္ကဆက်မြောက်ပိုင်းတွင် အဆောက်အဦ တစ်ဒါဇင်ခန့်ပျက်စီးခဲ့ပြီး လူသုံးဦးထက်မနည်း သေဆုံးခဲ့သည်။ လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်း ၂၀ ထက်မနည်း ပျက်စီးသွားခဲ့သည်။


လွန်ခဲ့သောသီတင်းပတ်က အိုကလားဟိုးမားနယ်စပ်အနီး တက္ကဆက်ပြည်နယ်မြောက်ပိုင်းရှိ ပယ်ရီတန်မြို့တွင် တစ်နာရီလျှင် မိုင် ၁၄၀ နှုန်းဖြင့် တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် သုံးဦးသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.