နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲ တက်ရောက် ဆိုက်ခေါင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ




ဆိုက်ခေါင်   ဇွန်  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲ ကို   ယနေ့   နံနက်  ၁၀   နာရီက ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်းဘေး ဆိုက်ခေါင်ကျေးရွာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင် တက်ရောက်ဖွင့်လှစ်ပေးသည်။

စက်ရုံဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားသည်။


ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက နှုတ်ခွန်း ဆက်စကားပြောကြားပြီး ရွှေမိုင်းစိတ် မြေသြဇာကုမ္ပဏီ လီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမြင့်အောင်သိန်းနှင့် ဦးကျော်ကိုထိုက်တို့က စက်ရုံဖွင့်လှစ်ရခြင်းအကြောင်းအရင်းနှင့် ကျေးဇူးတင် စကားပြောကြားကာ ရွှေမိုင်းစိတ် မြေသြဇာကုမ္ပဏီလီမိတက်၏ နည်းပညာအကြံပေး စိုက်ပျိုးရေး  ပညာရှင် ဦးသက်ဦး (BAg)က    အပင်များအတွက် အကျိုးပြုမှုကို ရှင်းလင်းတင်ပြသည်။


ထို့နောက်    မြေသြဇာစက်ရုံအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်             ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  စိန်ဝင်း၊   ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ     စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊   ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုနိုင် ထွန်း၊ သရုပ်ဆောင်ကျော်ကျော်နှင့် ဆုမြတ်နိုးဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်  ဝန်ကြီးများနှင့် တာဝန်ရှိသူများက စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။


အဆိုပါ ရွှေမိုင်းစိတ်မြေသြဇာစက်ရုံမှ သဘာဝဂျစ်ဆမ်မြေသြဇာ၊ သဘာဝဒိုလိုမိုက် မြေပြင်မြေသြဇာ များ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။


ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်နှင့်အဖွဲ့သည် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရှိ နယ်စပ်ဒေသ  တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ကျောင်းသား  ကျောင်းသူများနှင့် သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင်   နယ်စပ်ဒေသ  တိုင်းရင်းသားလူငယ်များ   ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်း အုပ် ဦးခွန်အောင်မှန်က ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များကို လည်းကောင်း၊ အမျိုးသမီး   အိမ်တွင်းမှုလုပ်ငန်း၊ သက်မွေးပညာသင်တန်းကျောင်းအုပ် ဒေါ်ခင်စန်းဝင်းက အိမ်တွင်းမှုနှင့်    သက်မွေး သင်တန်းကျောင်း အချက်အလက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်စံလွင်က ကျောင်းသား ကျောင်းသူ များအနေဖြင့် စည်းကမ်းရှိစွာ ကြိုးစားသင်ယူပေးကြရန်နှင့် မိမိတို့ရှေ့ဆောင်လမ်းပြကောင်းမှ နောင်လာမည့် မျိုးဆက်သစ်များအတွက် လမ်းပြကောင်းမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ အနေဖြင့်လည်း  ကျောင်းသားကျောင်းသူများကို ရင်ဝယ်သားသဖွယ် စေတနာကောင်းဖြင့် မွေးထုတ် သင်ကြားပေးရန် ပြောကြားသည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်နှင့်  ရှမ်းပြည်နယ် ဝန်ကြီးချုပ်    ဦးအောင်ဇော်အေးတို့က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်း မှုလုပ်ငန်းသက်မွေးပညာသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ     ပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့်    ဒုတိယကျောင်းအုပ်ကြီးတို့က လက်ခံရယူကြသည်။


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး အိပ်ဆောင်များ၊ စိုက်ပျိုးရေးခြံ၊ ရေသန့်စက်ရုံ၊ စာကြည့်တိုက်၊ စတိုဆောင်နှင့် စားရိပ်သာတို့ကို  လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။  

သတင်းစဉ်


No comments

Powered by Blogger.