အာဖဂန်နစ္စတန်နိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ခြောက်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ

 



ဇွန် ၁


အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ကာပစ်ဆာပြည်နယ်တွင် ယမန်နေ့က ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ခြောက်ဦးထက်မနည်း သေဆုံးပြီး အခြားကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အဆိုပါ မီနီဘတ်စ်ကားသည် အရှိန်မထိန်းနိုင်ဖြစ်ပြီး တိမ်းမှောက်သွားကာ ကလေးများနှင့် အမျိုးသမီးများအပါအဝင် ခြောက်ဦးသည် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာမှာပင် သေဆုံးခဲ့ပြီး အခြားကိုးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


ဒဏ်ရာရရှိသူများအနက် အချို့သောသူများသည် အခြေအနေစိုးရိမ်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မြောက်ပိုင်း ဖာရတ်ဘ်ပြည်နယ်တွင် မေလ ၂၉ ရက်နေ့က အလားတူယာဉ်မတော်တဆမှုမျိုးဖြစ်ပွားခဲ့ရာ ခရီးသည်နှစ်ဦးသေဆုံးပြီး ယာဉ်မောင်းအပါအဝင် အခြားခြောက်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။


တောင်ထူထပ်ပြီး စစ်ဘေးဒဏ်သင့်နေသော အာဖဂန်နစ္စတန်နိုင်ငံတွင် လမ်းများကောင်းမွန်မှုမရှိခြင်း၊ ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းနှင့် ဘေးကင်းလုံခြုံမှုအစီအမံများ မရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ အများဆုံးဖြစ်ပွားလေ့ရှိသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.