လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ



နေပြည်တော်  ဇွန်  ၂


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG Marvel အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်   နှစ်စီး၊  MG,  MG4  (Mulan)  အမျိုးအစား  လျှပ်စစ် သုံးမော်တော်ယာဉ်      လေးစီးနှင့်  Amazing Auto Co., Ltd. မှ  တင်သွင်းလာသော Dongfeng Honda ENS1 လျှပ်စစ်သုံးမော်တော်ယာဉ်  ၂၇ စီး စုစုပေါင်း  လျှပ်စစ်သုံးမော်တော်ယာဉ်  ၃၃  စီးသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့်  ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့်  အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက်      အကောက်ခွန်    ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။   

သတင်းစဉ်


No comments

Powered by Blogger.