ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အခြေခံပညာကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား နေမှုများကို လှည့်လည်ကြည့်ရှုအားပေး



နေပြည်တော်   ဇွန်   ၂


ပညာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  ညွန့်ဖေသည်   အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ နေပြည်တော် ကောင်စီနယ်မြေ ပညာရေးမှူး ဦးအောင်ဆွေဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာ   အထက်တန်းကျောင်း၊   အမှတ်(၆) အခြေခံပညာ  အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ      အထက်တန်းကျောင်းများသို့သွားရောက်၍   ကျောင်းသား  ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြား နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စနစ်သစ် Grade-12 စာသင်ခန်းမှ ကျောင်းသား ကျောင်းသူများကို ဇီဝဗေဒ ဘာသာရပ် သင်ကြားသင်ယူနေမှုနှင့် ပတ်သက်၍ ကျောင်းသင်ခန်းစာပါ Metabolism မှ Catabolism နှင့်  Anabolism   အကြောင်းကို ရှင်းလင်းပြောကြားကာ ကျောင်းသား ကျောင်းသူများအနေဖြင့် Grade-12 ကို ထူးထူးချွန်ချွန် အောင်မြင်ရေးအတွက်   တစ်နေ့စာတစ်နေ့  ကျေညက်အောင် ကြိုးစားလေ့လာကြစေလိုပါကြောင်း၊   ပညာရည် မြင့်မားမှသာ မိမိဘဝ၊ မိမိနိုင်ငံကို တိုးတက်မြင့်မားစေမည်ဖြစ်ပါကြောင်း၊ စာတတ်ရုံမျှမက မိမိနိုင်ငံနှင့် လူမျိုးကို   တန်ဖိုးထားသည့်စိတ်၊ တိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်း လိုစိတ်များလည်း ရှိကြရန်လိုပါကြောင်း၊ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများအားလုံး   ဉာဏ်ရည်မတူ နိုင်သော်လည်း ဝီရိယထား၍ ကြိုးစားခွင့်တူညီစွာရှိနေသည့်အတွက် အားလုံးကြိုးစားကြစေလိုပါကြောင်း အားပေးစကား ပြောကြားကာ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များကို   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.