အင်ဒိုနီးရှားနိုင်ငံ၌ ယာဉ်မတော်တဆဖြစ်မှုကြောင့် သုံးဦးသေဆုံး

 



ဇွန် ၂၈


အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းဂျာဗားပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်တွင် ယမန်နေ့က ဘတ်စ်တစ်စီးနှင့် ထရပ်ကားတစ်စီးတို့တိုက်မိသဖြင့် သုံးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းယာဉ်ထိန်းရဲအရာရှိက ပြောကြားသည်။


အဆိုပါယာဉ်မတော်တဆမှုသည် ထိုပြည်နယ်ရှိ ဆာရာဂျန်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


ထိုဘတ်စ်ကားပေါ်တွင် လူ ၁၃ ဦး လိုက်ပါလာကြောင်းနှင့် ဘတ်စ်ကားယာဉ်မောင်း၏အရှိန်လွန်မောင်းနှင်မှုကြောင့် ကုန်တင်ကားနောက်ပိုင်းကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ကနဦးသတင်းတွင်ဖော်ပြထားသည်။ ယာဉ်မတော်တဆဖြစ်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုထပ်မံလုပ်ဆောင်နေဆဲဖြစ်သည်။


ထိခိုက်ဒဏ်ရာသူအားလုံးကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကပြောကြားသည်။ နှစ်ဦးသည် ထိုနေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးသည် ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။


အင်ဒိုနီးရှားနိုင်ငံတွင် လမ်းအခြေအနေဆိုးရွားခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်းနှင့် ဝန်ပိုတင်ဆောင်ခြင်းတို့ကြောင့် လူသေဆုံးသည့်ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.