အင်းတော်မြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

 





အင်းတော် ဇွန် ၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ဇွန် ၁ ရက်မှ စတင်၍ ဖွင့်လှစ်သည်။


အင်းတော်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အဖြစ် အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းလွန်ကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်း ငါးကျောင်း စုစုပေါင်း ရှစ်ကျောင်း ဖွင့်လှစ်နိုင်ပြီး မေ ၃၁ ရက် စာရင်းအရ အခြေခံပညာ အထက်တန်းဆင့်တွင် ကျောင်းသား ကျောင်းသူ ၅၀၄ ဦး၊ အလယ်တန်း အဆင့်တွင် ၇၄၃ ဦး၊ မူလတန်းအဆင့်တွင် ၁၇၉၀  စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၀၃၇ ဦး လာရောက်အပ်နှံထားကြောင်း သိရသည်။


ကျော်သီဟ(ပြန်/ဆက်)

No comments

Powered by Blogger.