ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး၊ Digital Future Conference နှင့် ပြပွဲများသို့တက်ရောက်
နေပြည်တော် ဇွန် ၂၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ The Empire Hotel & Country Club တွင် ယနေ့ကျင်းပ သည့် (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားနှင့် Digital Future Conference ဖွင့်ပွဲသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ Authority for Info-communications Technology Industry(AITI) ၏ အမှုဆောင်ချုပ် Ir. Haji Jailani bin Haji Buntar က ကြိုဆိုနှုတ် ခွန်း ဆက်စကားပြောကြားပြီး (၁၂)ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ပို့ဆောင်ရေးနှင့် သတင်းအချက်အလက်ဆက်သွယ် ရေးဝန်ကြီး H.E Pengiran Dato Seri Setia Shamhary Mustapha က အဖွင့်အမှာစကားပြော ကြား၍ (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီး အဆင့် အစည်းအဝေး၊ Digital Future Conference နှင့် ပြခန်းများကို ဖွင့်လှစ်ပေးသည်။
ထို့နောက် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် H.E Satvinder Singh က The Role of Innovation in Overcoming Challenges and Securing Opportunities in ASEAN ခေါင်းစဉ်ဖြင့်ဆွေးနွေးပြောကြားသည်။
ယင်းနောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသည့် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပြခန်းများနှင့် နည်းပညာဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၁၂) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ပြီး “ASEAN Strategy for Carbon Neutrality and Sustainable Growth enabled by Science, Technology and Innovation (STI)” ခေါင်းစဉ်အပေါ် မြန်မာနိုင်ငံ၏မူဝါဒ၊ လက်ရှိဆောင်ရွက်နေမှုနှင့် အနာဂတ် အာဆီယံဒေသတွင်း နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အချက်အလက်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးသည်။
အစည်းအဝေးတွင် (၈၃) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီ၏ ဆွေးနွေးတင်ပြချက်များကို အတည်ပြုခြင်း၊ အာဆီယံလူမှု အသိုက်အဝန်း ပိုမိုဖွံ့ဖြိုးစေ ရေးအတွက် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်က ပံ့ပိုးထောက်ပံ့ပေးနိုင်မည့် သုတေသနလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments