MV WERU PACK KHA (ဝိရူပက္ခ) ရေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့
နေပြည်တော် ဇွန် ၁၃
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MV WERU PACK KHA (ဝိရူပက္ခ) ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်းတို့မှပေးပို့သည့် လျှပ်စစ်တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်း (၃၄ ဒသမ ၈၄)တန်၊ ထရန် စဖော်မာ အလုံး(၂၀)၊ သစ်ခွဲသားဆိုဒ်စုံ (၄၆၄) တန်၊ သွပ် (၅၇၃၃၃) ချပ်၊ မိုးကာတဲ၊ တာပေါ် လင်(၁၄၄) လိပ်၊ ဆန်(၂၄)ပြည်ဝင် (၂၉၇)အိတ်၊ ဆန်အိတ်အရွယ်စုံ (၁၉၇၁) အိတ်၊ အိမ်သုံးဆား (၆၆၈)အိတ်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ ငါးခြောက်၊ စည်သွပ်ဗူးများနှင့် အခြားစားသောက် ကုန်များ၊ အဝတ်အထည်နှင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများပါဝင်သော ကူညီကယ် ဆယ်ရေးပစ္စည်း (၁၂၉၄ ဒသမ ၄၇) တန်တင်ဆောင်၍ စစ်တွေမြို့သို့ ယနေ့နံနက် ၉ နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ ထွက်ခွာသွားကြောင်းနှင့် ရခိုင်ပြည်နယ်သို့ ၂၀၂၃ခုနှစ် မေ ၅ ရက်မှ စတင်၍ ယနေ့အထိ ရေယာဉ် (၁၆) စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်အပါအဝင် စုစုပေါင်း (၂၂၈၁၇ ဒသမ ၁၂) တန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments