နောင်တရားမြို့သို့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များ လာရောက်လေ့လာ

 




 

နောင်တရား ဇူလိုင် ၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ သဘာဝမြေဩဇာစက်ရုံ၊ အာလူးအအေးခန်းစက်ရုံ၊ လက်ဖက်အချိုခြောက်စက်ရုံနှင့် နဂါးဘိလပ်မြေစက်ရုံများသို့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်းတို့ ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းတွင် လာရောက်လေ့လာသည်။

 

ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ စီနီယာဒုဥက္ကဋ္ဌ ဘူလိုချနီကော့ဗ် အနာတိုလီ မိဟိုင်းလောဗစ်ချ်နှင့် အဖွဲ့ဝင်များ၊ မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် အဖွဲ့ဝင်များက သဘာဝမြေဩဇာစက်ရုံ တည်ဆောက်နေမှု အခြေအနေနှင့် အာလူးအအေးခန်းစက်ရုံတို့ကို ကြည့်ရှုလေ့လာရာ နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ အဆိုပါအဖွဲ့သည် လက်ဖက်အချိုခြောက်စက်ရုံနှင့် နဂါးဘိလပ်မြေစက်ရုံများသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)

No comments

Powered by Blogger.