ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ရုံး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်





နေပြည်တော်   ဇူလိုင် ၄ 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။


ဝန်ထမ်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်မှု ရှိစေရေး၊ အထက်အောက်အပြန်အလှန် ချစ်ခင်လေးစားယုံကြည်မှု ရှိစေရေးနှင့် ပေးအပ်သည့် တာဝန်များကို အတူတကွ လက်တွဲပူးပေါင်းကာ အောင်မြင်အောင် ဆောင် ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.