ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း




နေပြည်တော် ဇူလိုင်  ၂


ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။


ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ သီရိရတနာကျောင်းတိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်း တိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ကျိုက်ပွန်ဇေတဝန်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ အရှင်ဥတ္တမသာရစာသင်တိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ မဟာဗောဓိကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ အောင်သီတာ စာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များ ကိုလည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ နိဗ္ဗိန္ဒကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ချမ်းသာကြီးမြောက်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကံဦးဇေဝန်ကျောင်းတိုက်နှင့် ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ ရွှေလီကျောင်းပရိယတ္တိစာသင်တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း တာဝန်ရှိသူများက သွားရောက်၍ ဆရာတော်၊ သံဃာတော်များအတွက် ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.