အမေရိကန်နိုင်ငံအလယ်ပိုင်း၌ မက္ကဆီကိုနိုင်ငံသားများလိုက်ပါလာသည့်ယာဉ်တိမ်းမှောက်မှုကြောင့် ရှစ်ဦးသေဆုံး၊ လူ ၃၀ ဒဏ်ရာရ
ဇူလိုင် ၄
အမေရိကန်နိုင်ငံအလယ်ပိုင်း မက္ကဆီကိုဒေသ ဇာကာတီကတ်-ဆာလ်တီလိုအဝေးပြေးလမ်းမပေါ်တွင် ယမန်နေ့က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ရှစ်ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၃၀ ဒဏ်ရာရရှိခဲ့သည်။
အဆိုပါယာဉ်မတော်တဆမှုသည် ဒေသစံတော်ချိန် မနက် ၆ နာရီ ၃၀ မိနစ်ခန့်က ရိုကာမန်တတ်ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုဘတ်စ်ကားပေါ်တွင် နွေရာသီအားလပ်ရက်အတွင်း ဇာကာတီကတ်နှင့် အာဂတ်စလီအန်တတ်ဒေသရှိ ၎င်းတို့၏ဇာတိမြို့သို့သွားရောက်ကာအားလပ်ရက်ကုန်ဆုံးရန် အမေရိကန်နိုင်ငံအတွင်းနေထိုင်ကြသော မက္ကဆီကိုနိုင်ငံသားများ လိုက်ပါလာကြသည်။
ကနဦးအစီရင်ခံစာတွင် ထိုဘတ်စ်ကားသည် မိုးရွာသွန်းပြီးနောက် လမ်းချော်မှုဖြစ်ပွားကာ အရှိန်မထိန်းနိုင်ဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။
ယာဉ်တိမ်းမှောက်မှုမှဒဏ်ရာရရှိသူများကို ဆေးကုသပေးခဲ့ပြီး အခြေအနေစိုးရိမ်ရသူအများစုကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments