ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၄
ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေး၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား / သူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းတက်ရောက်ခဲ့သူများ အနေဖြင့် သင်ကြားပေးလိုက်သော ပညာရပ်များကို မိမိတို့လုပ်ငန်းခွင်ရှိ နည်းပညာ အခြေပြုလုပ်ငန်းများတွင် အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုသွားရန်လိုကြောင်း၊ ထို့ပြင် နည်းပညာအခြေပြု ရုံးလုပ်ငန်း တာဝန်များဆောင်ရွက်ရာတွင် တိကျလျင်မြန်မှုနှင့် သတင်းအချက်အလက် လုံခြုံမှုရှိရန် အလေးထား ဆောင်ရွက်သွားကြရန်နှင့် ထိရောက် မြန်ဆန်သော ပြည်သူ့ဝန်ဆောင်မှုများပေးရန်အတွက် အဖွဲ့၏ e - Government အကောင် အထည် ဖော်ရေးလုပ်ငန်းများတွင် ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် သင်တန်းသား / သူများ၏ လက် တွေ့သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေး၍ သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေးအပ် သည်။
အဆိုပါသင်တန်းတွင် ICT လုပ်ငန်းဆိုင်ရာ ဗဟုသုတများ၊ ERICSS စီမံကိန်းဆိုင်ရာ အကြောင်းများ၊ Window Installation ၊ Microsoft Office Word၊ Microsoft Office Excel၊ Microsoft Office Power Point၊ Network Security နှင့် Adobe Photoshop CS3 စသည်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ICT နည်းပညာကို ပိုမိုသိရှိနားလည်ပြီး အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်သွားနိုင် စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments