ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၆၁ ဦးသေဆုံး



ဇူလိုင် ၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၇၈ ဦးရှိကာ ယခုနှစ် လက်ရှိအချိန်အထိ ထိုရောဂါဖြစ်ပွားမှုအရေအတွက်အများဆုံးနေ့တစ်နေ့ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန (ဒီဂျီအိတ်ချ်အက်စ်)က ပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ငါးဦးသေဆုံးခဲ့ရာ ယင်းရောဂါဖြင့် သေဆုံးမှုအရေအတွက်သည် ဇန်နဝါရီလနောက်ပိုင်းတွင် အမြင့်မားဆုံးဖြစ်သည်ဟု သိရသည်။

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၆၁ ဦးရှိလာကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ချက်အရ ယမန်နေ့က မြို့တော်ဒါကာမှာပင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၉ ဦး ရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၉၈၇၁ ဦး အထိ ရောဂါဖြစ်ပွားမှုအရေအတွက် မြင့်တက်လာသည်ဟု ဒီဂျီအိတ်ချ်အက်စ်က ဆိုသည်။

ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိဆေးရုံများတွင် ကုသမှုခံယူပြီးနောက် နေအိမ်သို့ပြန်လာသော သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလူနာ ၈၁၄၁ ဦးရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.