တရုတ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၅ ဦး သေဆုံး၊ လေးဦးပျောက်ဆုံး
ဇူလိုင် ၅
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချွန်ကီဒေသတွင် ဇူလိုင် ၃ ရက်နေ့မှစတင်ကာ ယနေ့မနက် ၇ နာရီအထိ သည်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့် ၁၅ ဦးသေဆုံးခဲ့ပြီး အခြားလေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။
ယန်ဇီမြစ်ကြောင်းတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးများဖြစ်ပွားကာ ခရိုင် ၁၉ ခုမှ လူပေါင်း ၁၃၀၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်ဟု အရေးပေါ်စီမံခန့်ခွဲရေးဗျူရိုကဆိုသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် သီးနှံစိုက်မြေ ဟက်တာ ၇၅၀၀ ကျော် ပျက်စီးသွားကြောင်း ထိုဗျူရို၏ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။
အရေးပေါ်တုံ့ပြန်ရေးဌာနချုပ်ရုံးက ကယ်ဆယ်တုံ့ပြန်ရေးအဆင့်သုံးသို့မြှင့်တင်ခဲ့ပြီး စံချိန်တင်မိုးရေချိန်မြင့်မားသည့် ရေဘေးသင့်ဒေသဝန်ဇူခရိုင်သို့ အိပ်ရာလိပ်များ၊ ခြုံစောင်များနှင့် ရွက်ဖျင်တဲများအပါအဝင် သဘာဝဘေးကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း ၂၉၀၀၀ ကျော်ကို ခွဲဝေပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments