မင်းလှမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေး

 

အထက်မင်းလှ ဇူလိုင် ၄


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဘွဲ့ကျေးရွာမှ တောင်သူများအား ဆက်လက်ထုတ်ချေးခဲ့သည်။


မင်းလှမြို့နယ်တွင် မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ဘွဲ့ကျေးရွာမှ စပါး တစ်ဧကလျှင် ၁၅၀၀၀ဝ နှုန်းဖြင့် စပါးဧက ၁၄၀၊ နှမ်းသီးနှံ စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် ၁၀၀၀၀ဝ နှုန်းဖြင့် နှမ်း ၂၉၇ ဧက စုစု‌ပေါင်း ၄၃၇ ဧကအတွက် တောင်သူ ၆၆ ဦးအား ငွေကျပ် ၅၀၇ သိန်း ထုတ်ချေးခဲ့သည်။


ဇာဇာ(ပြန်/ဆက်)





No comments

Powered by Blogger.