စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ China-ASEAN Forum on Emerging Industry သို့ တက်ရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ




နေပြည်တော် ဇူလိုင် ၆


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့် သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ကြီးမှူး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့၌ ဇူလိုင် (၄)ရက်မှ (၅)ရက်အထိ ကျင်းပခဲ့သည့် China-ASEAN Forum on Emerging Industry သို့ တက်ရောက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး စီးပွားရေးသံမှူး Mr. Ouyang Daobing နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.