EV ဆိုင်ရာ အရည်အသွေးပြည့်မီသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ဆောင်ရွက်





ရန်ကုန် ဇူလိုင် ၂


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ယမန်နေ့ နံနက်ပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှု လက်မှု သိပ္ပံ(အင်းစိန်)သို့ ရောက်ရှိပြီး လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers  သင်တန်း အပတ်စဉ်(၃) ဖွင့်လှစ်သင်ကြားနေကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်) ကျောင်းအုပ်ကြီးက Electric Vehical နှင့်စပ်လျဉ်း၍ ဖွင့်လှစ်ပြီးသင်တန်းများ၊ ဖွင့်လှစ်ဆဲသင်တန်းနှင့် ဆက်လက်ဖွင့်လှစ် သွားမည့် သင်တန်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းဆိုင်ရာ အခြေခံအဆောက် အအုံ မွမ်းမံပြင်ဆင်မှုဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စံချိန်စံညွှန်းပြည့်မီသော ပစ္စည်းကိရိယာများ ဖြည့်တင်းရန်၊ သတ်မှတ်ကာလအတွင်း အရည် အသွေးပြည့်မီစွာ မွမ်းမံပြင်ဆင်ရန်၊ EV Charging System နှင့် Charger အမျိုးအစားများ စုံလင်စွာသင်ကြားပေးရန်၊ တင်သွင်းလျက်ရှိသော ပစ္စည်းများနှင့် အံဝင်ဂွင်ကျဖြစ်ရန်နှင့် ထိ ရောက်အောင် သင်ကြားပေးရန်၊ TOT (Training of Trainers) သင်တန်းများနှင့် ဆင့်ပွား သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်၍ EV ဆိုင်ရာ အရည်အသွေးပြည့်မီသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး သင်တန်းပြီးဆုံး၍ သက်ဆိုင်ရာဌာနများသို့ ပြန်လည်ရောက်ရှိသည့်အခါ လေ့လာဆည်းပူးခဲ့သည်များကို လက်ဆင့်ကမ်းမျှဝေ၍ EV သုံးစွဲသည့် ပြည်သူများ၏ လက်ဝယ်အရောက်  EV ဆိုင်ရာ အသိပညာ၊ ဗဟုသုတများပြန့်ပွားရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဆက်လက် လေ့လာဆည်းပူးသွားရန် မှာကြားသည်။


အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ EV သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ရာ TOT သင်တန်း အပတ်စဉ်နှစ်ခုမှ သင်တန်းဆင်း ၄၅ ဦး၊ TOT မွမ်းမံသင်တန်းတစ်ခုမှ သင်တန်းဆင်း ၁၅ ဦးနှင့် EV ဆိုင်ရာ ပုံမှန်ဆင့်ပွားသင်တန်း တစ်ခုမှ သင်တန်းဆင်း ၃၁ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.