ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ




နေပြည်တော် ဩဂုတ် ၂၄


ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုယနေ့တွင် သန်လျင်တပ်နယ်အတွင်းရှိ ကမ်းခြေစောင့်တပ် ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပရာ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကိုကိုကျော်၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်၍ ပျိုးပင်များ စိုက်ပျိုးကြသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရလေကာပင်များဖြစ်သော မန်ဂျန်းရှား ၂၀၀ ၊ နှစ်ရှည်သီးပင်စားပင်များဖြစ်သော မကျည်းပင် ၃၀၀ နှင့် စိန်တစ်လုံး သရက်ပင် ၂၆၇ ပင်၊ စုစုပေါင်း ၇၆၇ ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.