နယ်စပ်ရေးရာဝန်ကြီးဌာနက မိတ္ထီလာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများကို ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်ဥများ ဆက်ကပ်လှူဒါန်း




နေပြည်တော် သြဂုတ် ၂၄


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာ ဝေဇယန္တာ ကျောင်းတိုက်ရှိ သံဃာတော်များ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ၊ ကြက်ဥနှင့် အခြားစားသောက်ဖွယ်ရာများကို ဝေဇယန္တာအုတ်ကျောင်းတိုက် ဆရာတော် ဦးဝဏ္ဏိတထံ ဆက်ကပ်လှူဒါန်းခဲ့သည်။


နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး များမှ ဒေသအတွင်းရှိ သံဃာတော်များ ဆွမ်းအခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥများကို ဒေသအလိုက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.