တရုတ်နိုင်ငံဝူဟန်မှလန်ဒန်သို့လေကြောင်းခရီးစဉ်များပြန်လည်စတင်

 



ဩဂုတ် ၂၅

တရုတ်နိုင်ငံအလယ်ပိုင်းဝူဟန်မှ အေ ၃၅၀ လေကြောင်းလိုင်းသည်  ခရီးသည် ၂၇၀ ဦးတင်ဆောင်ကာ လန်ဒန်မြို့ ဟိသရိုးလေဆိပ်သို့  ယနေ့မနက်ပိုင်းတွင် ပျံသန်းခဲ့သည်။

အဆိုပါလေကြောင်းလိုင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားပြီးနောက်ပိုင်း ဝူဟန်မှဉရောပသို့ တိုက်ရိုက်လေကြောင်းပျံသန်းမှု ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

China Southern လေကြောင်းလိုင်းက အပတ်စဉ် တစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်း ပျံသန်းမည်ဟု သိရသည်။ ဝူဟန်နိုင်ငံတကာလေဆိပ်က မနက် ၂ နာရီ ၁၅ မိနစ်တွင် ပျံသန်းခဲ့ပြီး လန်ဒန်သို့ ဒေသစံတော်ချိန် မနက် ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့သည်။  ထိုလေကြောင်းလိုင်းသည် မနက် ၁၁ နာရီ ၀၅ မိနစ်တွင် လန်ဒန်မှပြန်လည်ပျံသန်းခဲ့ရာ ဝူဟန်သို့ နောက်နေ့မနက် ၅ နာရီတွင် ရောက်ရှိခဲ့သည်။

လန်ဒန်သို့ ပျံသန်းသော ပထမဆုံး လေကြောင်းလိုင်းတွင် ခရီးသည် ၈၈ရာခိုင်နှုန်းရှိပြီး ဝူဟန်သို့ပျံသန်းသော လေကြောင်းလိုင်းတွင် ခရီးသည် ၉၀ ရာခိုင်နှုန်း ထိရှိကြောင်း ဟူဘေရုံးခွဲ၏ ဒုတိယအရောင်းမန်နေဂျာ က ပြောသည်။

ဝူဟန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဒူဘိုင်း၊ ဆစ်ဒနီ၊ တိုကျို၊ စင်ကာပူနှင့် ဘန်ကောက်အပါအဝင် နိုင်ငံတကာလေဆိပ်များသို့ လေကြောင်းလိုင်းကိုးခုဖြင့် ပျံသန်းမှုပြန်လည်စတင်နေပြီဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.