သောက်သုံးရေကောင်းမွန်စွာရှိရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး





ရန်ကုန် ဩဂုတ် ၂၄


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တွံတေးမြို့နယ်၊ မွေးမြူရေးဇုန်စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်၍ မွေးမြူရေးဇုန်အဝင်လမ်း ခင်းကျင်းပြီးစီးမှုနှင့် လမ်းဘေးရေမြောင်းများ တူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထို့နောက်  မြို့တော်ဝန်နှင့်အဖွဲ့သည် တွံတေးမြို့နယ်၊ တွံတေး-ဒလကားလမ်းပေါ်ရှိ ရန်ကုန်ပေါက်ကျေးရွာအနီး ရေပေးဝေရေးစခန်းသို့ရောက်ရှိ၍ 330 kw Solar Power Plant(PV System)ဆောင်ရွက်ထားရှိမှု ၊ Nano Filterဖြင့် ရေသန့်စင်မှု စနစ်ဖြင့် သုတေသနဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံ၊ ရေစုကန်(၂)ကန်နှင့် ရေသန့်စင် စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။


ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒလမြို့နယ်သို့ ရေပေးဝေရေးစီမံကိန်း မြေနေရာ၌ ရေစုကန်တည်ဆောက်နေမှုနှင့်  ရေတွန်းစက်တည်ဆောက်နေမှု၊ ဒလမြို့နယ် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတားစီမံကိန်းသို့ သွားရောက်၍ Toll Plaza တည်ဆောက်ရန် လျာထားသည့်မြေနေရာနှင့် ကမာကဆစ်စျေးရှေ့၌ EV Charging Station တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။


သတင်းစဉ်

No comments

Powered by Blogger.