ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၄၀၀၀ ခန့် ဘေးလွတ်ရာသို့ရွှေ့ပြောင်း၊ နှစ်ဦးသေဆုံး

 



အောက်တိုဘာ ၁၀

ဘရာဇီးနိုင်ငံတောင်ပိုင်း စန်တာကာတာရီနာပြည်နယ်တွင် လွန်ခဲ့သောသီတင်းပတ်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့က အတည်ပြုခဲ့သည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၄၀၀၀ ခန့် ၎င်းတို့၏နေအိမ်များမှဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ဖော်ပြထားသည်။

မိုးရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုတို့ကြောင့် ရေဘေးသင့်အိမ်ထောင်စု ၃၉၅၅၂ ရှိကြောင်း အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာသည်။

အစိုးရအဖွဲ့က ထိုပြည်နယ်သို့ ကူညီထောက်ပံ့မှုပေးအပ်ရန် အဆင်သင့်ဖြစ်ကြောင်း ဘရာဇီးသမ္မတက ဆိုရှယ်မီဒီယာတွင် ရေးသားထားသည်ကိုတွေ့ရသည်။

လွန်ခဲ့သောလက  ရီယိုဂရန်ဒီဒူးဆူလ်ပြည်နယ်တွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ၅၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.