ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး ထရန်စဖော်များနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းများ ကွင်းဆင်းဆောင်ရွက်
ညောင်ဦး ဧပြီ
၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊
စက်စက်ယိုကျေးရွာဓာတ်အားခွဲလိုင်းမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲ လျက်ရှိသည့် ဒေသခံပြည်သူများ
လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဧပြီ ၁၈ရက် နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများ
ပူးပေါင်းအဖွဲ့သည် ထရန်စဖော်များနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို
ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ
ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်ဦးခရိုင်နှင့် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ
တာဝန်ရှိသူများ၊ ညောင်ဦးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ
တာဝန်ရှိသူများနှင့် လိုင်းတာဝန်ခံဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့မှ ငါ့သရောက်မြို့
စက်စက်ယိုကျေးရွာအထိ ဓာတ်အားပို့လွှတ်ထားသော လျှပ်စစ်ဓာတ်အားလိုင်းများတစ်လျှောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့ကဲ့သို့ ကွင်းဆင်းစစ်ရေးရာတွင် လျော့ကျနေသော ဓာတ်အား လိုင်းကြိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊
လဲလှယ်ရန်လိုအပ်သော ကြွေသီးများ လဲလှယ်တပ်ဆင်ခြင်း၊ ကျေးလက်ရေပေးဝေရေး ရေစက်ရုံများရှိ
ထရန်စဖော်များ ကြံ့ခိုင်ကောင်းမွန်စေရေး စစ်ဆေးပြုပြင်ခြင်းစသည့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို
ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် စနစ်တကျ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။ ရဲဝင်းနိုင် ( ညောင်ဦး )

No comments