ဟိုင်းကြီးကျွန်းမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်
ဟိုင်းကြီးကျွန်း
ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ
စာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ
မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၂၂)စု၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ(ဆင့်ပွား)
သင်တန်းတက်ရောက်ထားသူ ဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်၍ သင်ကြားပြသပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့်
ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများနှင့်
လူဦးရေနှင့် သန်းခေါင်စာရင်းအရ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ
စာတတ်မြောက်ရန်၊ စာမတတ်သူပပျောက်အောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို
ဧပြီ ၈ ရက်မှ မေ ၁၆ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တက်ရောက်လာသူများ
သင်ကြားသင်ယူမှု အဆင်ပြေစေရေး ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များမှလည်း ဝိုင်းဝန်းပံ့ပိုးကူညီ
ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်
(ဟိုင်းကြီးကျွန်း ပြန်/ဆက်)

No comments