နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီရုံး၏ နေ့လယ်စာ စားပွဲအခမ်းအနား တက်ရောက်

နေပြည်တော်၊ ဧပြီ ၅

နေပြည်တော်ကောင်စီရုံး၏ နေ့လယ်စာ စားပွဲအခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ကောင်စီရုံးဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော် ခရိုင်/ မြို့နယ်အသီးသီးတွင် တာဝန် ထမ်းဆောင်နေကြသည့် ဌာနအကြီးအကဲများ၊ အရာထမ်း/ အမှုထမ်းများသည် ဌာန၏ ရည်မှန်းချက် တာဝန်များ အောင်မြင်စေရန် အဆင့်အလိုက် ပူးပေါင်းဆောင်ရွက်နေကြသည့် လုပ်ဖော်ကိုင်ဖက်များဖြစ်ပါကြောင်း၊ ဌာနအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များအပေါ် တာဝန်ကျေပွန်မှု၊ စည်းကမ်းရှိရှိ၊ သစ္စာရှိရှိ စိတ်ဝင်တစား လုပ်ဆောင်နေမှုများကို အသိအမှတ်ပြု အလေးထားပါကြောင်း၊ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ညီညီညွတ်ညွတ် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်





No comments

Powered by Blogger.