ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပဲခူးတိုင်းဒေသကြီးအတွင်း နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရေပေးဝေနေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် ဧပြီ(၅)ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ဝက်လှကြီးကျေးရွာရှိ စက်မှုလယ်ယာ ဦးစီးဌာန လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ဧက(၄၀)၌ စိုက်ပျိုးထားရှိသောနွေစပါး မျိုးသန့်မျိုး ပွားစိုက်ခင်းကို ကြည့်ရှု စစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံံ၍ မိမိတို့ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးများရွေးချယ်၍ သီးထပ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင် အထွက်နှုန်းရရှိရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အုတ်ဖိုမြို့နယ် ဆင်ဂေါင်းအုပ်စု လင်းလွန်းပင်ကျေးရွရှိ စဉ်ဆက်မပြတ် ဟင်းသီးဟင်ရွက် ဧက(၅၀) စိုက်ခင်းသို့ရောက်ရှိပြီး စိုက်ခင်းများအတွင်း စိုက်ပျိုး ရေရရှိရေးအတွက် ဂမုန်းချောင်းမှရေသွယ်မြောင်း တူးဖော်ပေးခြင်းလုပ်ငန်း ဆောင်ရွက် နိုင်ရေးဆွေးနွေးပြီး ဒုတိယဝန်ကြီးက တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ရာတွင် ကြုံတွေ့နိုင်သည့်အခက်ခဲများ ရင်ဆိုင်ကျော်လွှားနိုင်ရေး၊ စိုက်ပျိုးမြေဧကပို မိုပေးဝေနိုင်စေရန် အလေအလွင့်နည်းပြီး ချွေတာသုံးစွဲနိုင်သည့် ရေဖျန်းစနစ်၊ ရေအစက်ချ စနစ်များအသုံးပြုရန်၊ စိုက်ပျိုးထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များ အရည်အသွေး ကောင်းမွန်ရေးနှင့် အထွက်တိုးတက်ရေး ပူပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာ ကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် နတ်တလင်းမြို့နယ် ကျခတ်ဝါးရုံကျေးရွာရှိ အမှတ်(၄၅)စက်မှုလယ်ယာစခန်းမှ ပဲခူးတိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် စက်မှု လယ်ယာစနစ်ကျလယ်မြေ(၉၈)ဧက ဖော်ထုတ်၍ နွေစပါး စိုက်ပျိုးထားရှိမှု ကို ကြည့်ရှုစစ်ဆေးရာ စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူများက ကွင်းအမှတ်(၂၆၀)အတွင်းရှိ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းဆိုင်ကိစ္စရပ်များကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက တောင်ညိုဆည် BDY(3) Level Crossing မှ ကွင်းအမှတ် (၂၅၉၊ ၂၆၀)စံပြစိုက်ကွင်းနှင့် ဦးညှက်လှ ရေတံခါး၊ ပန်းတင်ကြီးရေတံခါးများသို့ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဆည်ရေသောက်မှ ကျဆင်းလာသည့်ရေများကို ရေတံခါးများနှင့် တဆင့်ပြန်လည် အသုံးပြုစိုက်ပျိုးသည့် နွေစပါးအပါအဝင် အခြားသီးနှံများ၏ စိုက်ပျိုးဧကစာရင်းများကို မှတ်တမ်းပြုစုကောက်ယူကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး စနစ်ကျလယ်မြေအတွင်းရှိ ရေသွင်း၊ ရေထုတ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စုရှိ နတ်မှော် လျှပ်စစ်ရေတင် ရေသောက် ဧရိယာတွင် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးထားသော နွေစပါး ဧက(၁၀၀)စံပြကွက်ကို ကြည့်ရှု စစ်ဆေးပြီး ဒေသခံတောင်သူ များနှင့်တွေ့ဆုံကာ ရေသွင်းရေခမ်း စိုတစ်လှည့် ခြောက်တစ်လှည့် စိုက်ပျိုးနည်းစနစ် အသုံးပြုစိုက်ပျိုး၍ စိုက်ပျိုးရေကိုစနစ်တကျသုံးကြရေး၊ ရေသောက်စနစ် စိုက်ဧကများ တိုးတက်ရေး၊ တစ်ဧက အထွက်နှုန်းတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)

No comments