ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေခြင်းအား လိုက်လံကြည့်ရှုအားပေး
ကြံခင်း ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်
စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်အတွင်းရှိ
အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုကို
ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ လိုက်လံကြည့်ရှုရာတွင်
မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြံခင်းမြို့နယ်အတွင်းရှိ
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း
ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်း (၁၄)နေရာတွင် ဆရာ/ဆရာမ (၁၄)ဦးဖြင့် သင်ကြားပို့ချပေးလျက်ရှိသော
စာသင်သား (၂၁၁)ဦးအား စာသင်ကြားပေးနေခြင်းများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments