ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ



နေပြည်တော်     ဧပြီ     


နိုင်ငံတော်အနေဖြင့်  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ် ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍  ယနေ့တွင် MHM ဆိပ်ကမ်းမှ MV.MCL- 8 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ,၇၀၀ နှင့် MHM ဆိပ်ကမ်းမှ MV. MCL- 7 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ,၇၀၀ တို့ကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမည် ဖြစ်သည်။


ထို့အပြင် AWPT 1 ဆိပ်ကမ်းမှ MV. CONTRIVIA သင်္ဘောသည် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ်အထည်၊ သစ်‌တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေေထွေ ကုန်ပစ္စည်းများကို စင်္ကာပူနိုင်ငံသို့လည်းကောင်း၊ AWPT 3 ဆိပ်ကမ်းမှ MV. ISEACO FORUTNE သင်္ဘောသည် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီး အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်း၊ နှမ်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများကို မလေးရှားနိုင်ငံသို့လည်းကောင်း တင်ဆောင်ပြီး ထွက်ခွာမည်ဖြစ်သည်။


အလားတူ ဧပြီ ၁၀ ရက်တွင် SPW 6  ဆိပ်ကမ်းမှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၅,၀၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON 4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ ကို ထိုင်းနိုင်ငံသို့လည်းကောင်း၊ MIP 2 ဆိပ်ကမ်းမှ MV. SEIYO HARMONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀ ကို အိန္ဒိယနိုင်ငံ သို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ ကို ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ဧပြီ ၁၅ ရက်တွင်လည်း YIGT ဆိပ်ကမ်းမှ MV. DDS MARINA သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ ကို ထိုင်းနိုင်ငံသို့ လည်းကောင်း ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.