ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ



နေပြည်တော်၊ ဧပြီ ၁၅


နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော  Wilmar Myanmar Port Terminal (Wilmer) ဆိပ်ကမ်းမှ ပြောင်းဖူး စေ့တန်ချိန် ,၇၀၀ တင်ပို့ခဲ့သည်။ 


အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-4) အေးရှားဝေါဆိပ်ကမ်း (AWPT-3)တို့မှ သင်္ဘော စီးဖြင့် ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများ တင်ဆောင်ထွက်ခွာသွားကြောင်း သိရှိရပါသည်။ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-3) အေးရှားဝေါဆိပ်ကမ်း (AWPT-1) (AWPT-3) တို့မှလည်း ပို့ကုန် ဆန်၊ ပဲ၊ ပြောင်း များ သင်္ဘောတင်ဆောင်လျှက်ရှိသည်။


ထို့အပြင် ဧပြီ ၁၆ ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ,၆၀၀ မင်းထက်မင်းဆိပ်ကမ်း (MHM) မှ ပြောင်းဖူး စေ့တန်ချိန် ,၇၀၀၊ International Bulk Terminal Thilawa (IBTT) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀  ဧပြီ ၁၉ ရက်တွင် ယခင် ဗိုလ်အောင်ကျော်ဆိပ် ကမ်း  The Myanmar Terminal (TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀   ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.