ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ ဒေသကိုးခုတွင် အပူချိန်မြင့်တက်မည်
မနီလာ ဧပြီ ၉
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ
အနည်းဆုံး ဒေသကိုးခုတွင် အပူချိန် ၅၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း ယနေ့တွင်တာဝန်ရှိသူများက
သတိပေးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံရှိ ဒေသကိုးခုတွင် အပူချိန်
၅၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ပြီး အန္တရာယ်ရှိသည့်် အဆင့်အဖြစ် သတ်မှတ်ထားကြောင်း ပြည်နယ်မိုးလေဝသဗျူရိုက
ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ယင်းဒေသများ၌ အပူဒဏ် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး
အန္တရာယ်အဆင့် အပူအညွှန်းကိန်း ရှိသည့် နေရာများတွင် ဒေသခံများသည် အပူကြောင့် ကြွက်တက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကို
ခံစားရနိုင်ခြေရှိကြောင်း တာဝန်ရှိသူများက မှတ်ချက်ပြု ပြောကြားသည်။ အပူလွန်ကဲခြင်းကြောင့်
ဖြစ်လာနိုင်သော အကျိုးဆက်များကို ရှောင်ရှားနိုင်ရန် မိုးလေဝသဗျူရိုက ဒေသခံများအား
ပြင်ပလှုပ်ရှားမှုများကို လျှော့ချရန်နှင့် ရေများများ သောက်ရန် ညွှန်ကြားထားသည်။ အစိုးရက
ကျောင်းသား ကျောင်းသူများအပါအဝင် အထူးသဖြင့် ကလေးများကို အပူအညွှန်းမြင့်မားခြင်းမှ
ကာကွယ်ရန် ကျောင်းသင်ခန်းစာများကို အွန်လိုင်းမှ သင်ကြားရန် ကျောင်းများကို ခွင့်ပြုထားသည်။
ကိုးကား
-ဆင်ဟွာ၊
ဘာသာပြန်
-စိုးသူရ

No comments