တနိုင်းမြို့၏ အရှေ့မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား
နေပြည်တော်၊ ၅ ဧပြီ
၂၀၂၄
ခုနှစ်၊ ဧပြီ ၅ ရက်၊ မြန်မာစံတော်ချိန် (၁၉) နာရီ၊ (၁၅) မိနစ်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ
အနောက်မြောက်ဘက် (၇၈) မိုင်ခန့်ကွာဝေးသော တနိုင်းမြို့၏ အရှေ့မြောက်ဘက် (၁၄) မိုင်ခန့်အကွာ၊
မြောက်လတ္တီတွဒ် (၂၆ ဒသမ ၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ၈၆) ဒီဂရီတွင် မြေငလျင်တစ်ခု
လှုပ်ရှားသွားကြောင်း သိရသည်။
အဆိုပါငလျင်သည်
အနက် (၃၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅ ဒသမ ၅) အဆင့်ရှိပြီး အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။
MDN

No comments