ဟိုပန်မြို့နယ် မန်မိုင်ရပ်ကွက်မှ ရွှေဝါကျေးရွာသို့ ဆက်သွယ်သည့် ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီး



နေပြည်တော်  ဧပြီ  ၉ 


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဟိုပန်မြို့နယ် မန်မိုင်ရပ်ကွက်မှ ရွှေဝါကျေးရွာသို့ ဆက်သွယ်သည့် ကျောက်ချောလမ်း မိုင်ခင်းခြင်း လုပ်ငန်းနှင့် Box Culvert စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၁၈၅ ဒဿမ ၂၇၉ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ သိရသည်။


 အဆိုပါ ကျောက်ချောလမ်း ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဟိုပန်မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာ ရွာ၊ အိမ်ခြေ ၁၃၆၆၊  လူဦးရေ ၈၉၆၇ ဦးတို့၏ ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.