နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင်ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ နေပြည်တော်သို့ရောက်ရှိ
နေပြည်တော်
ဧပြီ ၁၀
၁၃၈၅
ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့်
ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့်
ကိုရီးယား K-pop အနုပညာရှင် ၂၄ ဦး ပါဝင်သည့် ပထမအဖွဲ့သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့
ရောက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ သီးသန့်မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ
မွန်းလွဲပိုင်းက နေပြည်တော်ရှိ ရွှေဧည့်သည်ဟိုတယ်သို့ ရောက်ရှိကြသည်။
အဆိုပါ
ကိုရီးယားအနုပညာရှင်များအဖွဲ့အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သင်္ကြန်ယိမ်းအဖွဲ့များက
အတာရေပက်ဖျန်း၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီး ယင်းအဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်၊
တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိကြရာ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းမှ တိုင်းရင်းသား၊
တိုင်းရင်းသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။
ထို့နောက်
Conference Room တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများနှင့် ကိုရီးယား
K-pop အနုပညာရှင်များသည် ၂၀၂၄ ခုနှစ် ဧပြီ ၁၂ ရက် ညပိုင်းတွင် MRTV HD Channel မှ ရိုက်ကူးထုတ်လွှင့်မည့်
နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ပွဲစဉ် (၃) တေးဂီတဖျော်ဖြေပွဲ Friday Night Live Show ၌
ပူးပေါင်းပါဝင်ဖျော်ဖြေနိုင်ရန်နှင့် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော် လမ်းလျှောက်သင်္ကြန်၌
ကိုရီးယား K-pop အဆို၊ အကများဖြင့် တင်ဆက်နိုင်ရန်တို့အတွက် အသေးစိတ်ဆွေးနွေးကြသည်။
အဆိုပါ
ကိုရီးယား K-pop အနုပညာရှင် ၂၄ ဦးပါ ပထမအဖွဲ့တွင် ရုပ်ရှင်/ရုပ်သံ ဇာတ်လမ်းတွဲပေါင်းများစွာ
ရိုက်ကူးထားသည့် သရုပ်ဆောင်ဘတ်အွန်းဟီး၊ K-pop အဆိုတော်များဖြစ်ကြသည့် Rejen ၊
Henny နှင့် 7 Kids Doll Group (ဝဲပုံ)၊ Astel Dance Group နှင့် DJ-Saemi တို့ ပါဝင
ကြပြီး ၎င်းတို့အဖွဲ့မှ ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါ ဒုတိယအဖွဲ့သည်
ဧပြီ ၁၄ ရက်တွင်လည်းကောင်း အသီးသီးထပ်မံ ရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


No comments