ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဧပြီ ၈


နိုင်ငံတော်အနေဖြင့်  နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဆူးလေဆိပ်ခံတံတားအမှတ် ၆ (SPW-6) မှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၅,၀၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့ လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON-4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ အား ထိုင်းနိုင်ငံသို့ လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2) MV. SEIYO HARMONY သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၇,၅၀၀ အား အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL – 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့သွားမည် ဖြစ်သည်။


ထို့ပြင် MITT-1 ဆိပ်ကမ်းမှ MV. MAERSU DAVAO သင်္ဘောသည် ယနေ့တွင် ရေထွက် ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ်အထည်၊ သစ်‌တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်များကို ကုန်သေတ္တာ ၆၂၁ လုံးဖြင့် မလေးရှားနိုင်ငံသို့လည်းကောင်း၊ AWPT ဆိပ်ကမ်းမှ MV. SITC CHENMING သင်္ဘောသည် ယနေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီးအဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်းနှင့် ရော်ဘာများကို ကုန်သေတ္တာ ၅၃၃ လုံးဖြင့် ဗီယက်နမ်နိုင်ငံသို့လည်းကောင်း တင်ဆောင်ပြီး ထွက်ခွာမည် ဖြစ်ပါသည်။


အလားတူ ၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက်တွင် MHM ဆိပ်ကမ်းမှ MV.MCL- 8 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL- 7 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ ဧပြီ ၁၀ ရက် တွင် AIPT-3 ဆိပ်ကမ်းမှ MV. RAINBOW SYMPHONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၆,၆၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၇ ရက်ကလည်း SPW-3 ဆိပ်ကမ်းမှ MT. TURAN C သင်္ဘောဖြင့် ဆန်တန်ချိန် ၁၂,၀၀၀ အား စပိန်နှင့် ကင်မရွန်းနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်









 

No comments

Powered by Blogger.