သရက်မြို့၌ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ သင်ကြားပေးလျက်ရှိ
သရက် ဧပြီ ၈
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌
ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို နည်းပြဆရာ/ဆရာမ (၂၄)ဦး၊ အဆင့်မြင့်
ကျောင်းသား (၂)ဦး၊ ကြီးကြပ်သူ (၄)ဦးတို့က ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျေးရွာ (၂၄)ရွာတွင်
အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို
သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့်
မြို့နယ်အတွင်းရှိ ကျေးရွာ (၂၄)ရွာမှ စာမတတ်သူ (၃၆၂)ဦးအား စာသင်ဝိုင်း (၂၄)ဝိုင်းဖွင့်လှစ်၍
နည်းပြ ၃၀ ဦးမှ ဧပြီ ၆ ရက်မှ မေ ၂၄ ရက်အထိ သင်ကြားပေးလျက်ရှိကြောင်း၊ ဧပြီ ၇ ရက်က မုဉ္ဇလီ၊
ပိတောက်ပင်၊ တလပါးကျေးရွာနှင့် စမ်းအိုင့်ကျေးရွာတို့တွင် သင်ကြားပေးလျက်ရှိကြောင်း
သိရသည်။
ဇော်ထက်(သရက်)


No comments