ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဧပြီ ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ နံနက်ပိုင်းတွင် ဥရောပအာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ အဓိက ပို့ကုန်များဖြစ်သည့် ချုပ်ပြီးအထည်များ၊ ဖိနပ်၊ အိတ် အစရှိသည့် CMP ထုတ်ကုန်များအပြင် စိုက်ပျိုးရေးထွက်ကုန်များအား ဥရောပအာရှနိုင်ငံများသို့ တိုးမြှင့်တင်ပို့သွားနိုင်ရေး၊ အပြန်အလှန် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု အလားအလာများကို ဖော်ထုတ်ပြီး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments