လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသနေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း(၅၇)ဝိုင်း ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိ
လှိုင်းဘွဲ ဧပြီ ၈
ပညာရေးဝန်ကြီးဌာနမှ လူမှုဘဝမြင့်မားစေရန်နှင့်
အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့်
ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ်၊
ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံစာတတ်မြောက်ရေးအတွက်
စာသင်ဝိုင်း(၅၇)ဝိုင်းကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ စာသင်ဝိုင်းများကို မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေနှင့်
သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကြီးကြပ်၍ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက
ကျေးလက်ဒေသနေပြည်သူများ အခြေခံစာတတ်မြောက်စေရေးအတွက်
ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပြီး လှိုင်းဘွဲမြို့နယ်တွင်
မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးရှိ အခြေခံပညာကျောင်းများ၊
ဘုန်းတော်ကြီးကျောင်းများနှင့် ရွာလယ်ဇရပ်တို့မှ အခြေခံစာတတ်မြောက်ရေး
စာသင်ဝိုင်း(၅၇)ဝိုင်းတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၅၇)ဦး၊ သင်တန်းကြီးကြပ် ဆရာ၊ ဆရာမ(၇)ဦးတို့က
စာသင်သားဦးရေ စုစုပေါင်း ၆၅၃ ဦးအား ဧပြီ ၆ ရက်မှ မေ ၁၅ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း
မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စောဒိ(ပြန်/ဆက်)




No comments