နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ် အထုတ်အပိုးတွေပြင်ထား ခေါင်းစဉ်ဖြင့် သတင်းတု/သတင်းမှား ဖြန့်ဝေကြောင်း စိစစ်တွေ့ရှိရ
နေပြည်တော်
ဧပြီ ၉
နေပြည်တော်က
ဝန်ထမ်းတွေ အရေးပေါ် အထုတ်အပိုးတွေပြင်ထား ခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)က
အရာရှိတစ်ဦးက ပြောကြောင်း အရာရှိအမည် မဖေါ်ပြဘဲ The Nation Voice မီဒီယာ ဆိုသူက သတင်းလွှင့်တင်
ဖော်ပြထားမှုအပေါ် ဌာနမှအရာရှိများ အားလုံးအနေဖြင့် မည်သည့်မီဒီယာနှင့်မျှ ယင်းကဲ့သို့
ပြောကြားထားခြင်းမရှိကြောင်း၊ အလားတူ ၎င်းသတင်းပါ အကြောင်းအရာအား ညွှန်ကြားရေးမှူးချုပ်ထံသို့လည်း
မည်သူကမျှ ဖုန်း/မက်ဆိတ်ချ် ပြောကြား/ပေးပို့ထားခြင်း မရှိကြောင်း စိစစ်သိရှိရသဖြင့်
၎င်းမှာ သတင်းတု/သတင်းမှား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း စိစစ်သိရှိရပါသည်။
ထိုကြောင့်
မသမာသူများက နေပြည်တော်တွင် မြန်မာရိုးရာ မဟာင်္သကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်
စီစဉ်ဆောင်ရွက်နေချိန်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အများပြည်သူ ပျော်ရွှင်မှုကို
မလိုလား မရှုစိတ်တို့ဖြင့် သတင်းတု/သတင်းမှား လုပ်ကြံထုတ်ပြန်ခြင်းသာ ဖြစ်ကြောင်း သိရသည်။
No comments