ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံလေကြောင်းလူငယ်သင်တန်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေးနှင့် ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲသို့ တက်ရောက်
မြစ်ကြီးနား ဧပြီ ၁၀
ကချင်ပြည်နယ် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တွင်
ကျောင်းသားလူငယ်များအတွက် ဖွင့်လှစ်သင်ကြားပို့ချသွားမည့်
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်(၁/၂၀၂၄) အောင်မြင်စွာ
ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၈ နာရီခွဲက
ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ကျင်းပပြုလုပ်သည်။
အဆိုပါလုပ်ငန်းညှိနှိုင်း
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/လူငယ်များ
နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့်
အခြေခံလေကြောင်းအတတ် ပညာကို သိရှိနားလည်လာစေရန် စခန်းသွင်းလေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သည့်အတွက်
လူငယ်များအတွက် အကျိုးရှိထိရောက်သည့် သင်တန်းဖြစ်စေရေး မိမိတို့အနေဖြင့်
ဝိုင်းဝန်းဆွေးနွေးပြီး လိုအပ်သည်များကို အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်ပေးကြရေး
တိုက်တွန်းမှာကြားသည်။
ထို့နောက်
မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထူးက ဧပြီ ၂၂ ရက်မှ
(၄)ပတ်ကြာ စခန်းသွင်းလေ့ကျင့်သင်ကြားပေးသွားမည့် အခြေခံလေကြောင်းလူငယ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်
အခြေခံသင်တန်းသား (၅၀)ဦး၊ တန်းမြင့်သင်တန်းသား (၇)ဦးတို့အား စခန်းသွင်းလေ့ကျင့် ဆောင်ရွက်သွားမည့်
အစီအမံများ၊ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို
ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အကြံပြုဆွေးနွေးသုံးသပ်ခဲ့ကြပြီး
ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ရေး လိုအပ်သည်များကို
ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်
မွန်းလွဲ ၁ နာရီတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်
ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင်
ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူလူထုအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊
ပြည်နယ်ကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့ တာဝန်ပေးအပ်သွားမည့်
ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ပြည်သူများအတွက် လိုအပ်ချက်များနှင့်အညီ
ထိရောက်သည့် အသုံးစရိတ်များဖြစ်စေရေး၊ ရည်မှန်ထားသည့် လျာထားချက်များနှင့်အညီ
ပြည့်မီအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊
လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးအနက်ထား ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားကြရေး ပြောကြား
သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က
ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး
ပြည်နယ်စီမံကိန်းရေး ဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး
ဦးမျိုးဆွေထံ လည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်
ခရိုင်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌများထံ ဌာနအလိုက်၊
ခရိုင်အလိုက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်
ပြည်နယ်အဆင့် ဌာနဆိုင်ရာများကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူးထံလည်းကောင်း၊ ခရိုင်(၆)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌများထံ လည်းကောင်း လွှဲပြောင်းတာဝန်ပေးအပ်ခဲ့သည်။
ထို့နောက်
ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်
စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား
ပြည့်မီစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလေးထားလိုက်နာရမည့် စည်းမျဉ်းစည်ကမ်းနှင့်
အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့သည်။
ထို့အတူ
ယမန်နေ့ညနေပိုင်းကလည်း မြစ်ကြီးနားမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည့်
ကချင်တိုင်းရင်းသားတို့၏ တတိယအကြိမ်မြောက် ရိုးရာယဉ်ကျေးမှု အဆို၊ အကပြိုင်ပွဲနှင့်
ရိုးရာဝတ်စားဆင်ယင်မှု ဖက်ရှင်ဒီဇိုင်းပြပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက တက်ရောက်အားပေးခဲ့ကြပြီး
ပြိုင်ပွဲအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments