ဗီယက်နမ်နိုင်ငံ၏ မတ်လအတွင်း ကားတင်သွင်းမှု ၅၅ ဒသမ ၄ ရာခိုင်နှုန်း တိုးလာ

 


ဟနွိုင်း၊ ဧပြီ ၅

ယခုနှစ် မတ်လအတွင်း ဗီယက်နမ်နိုင်ငံ၏ တပ်ဆင်ထားပြီးဖြစ်သော (CBU) ကားများ တင်သွင်းသည့် အရောင်းအဝယ်မှာ ပမာဏအားဖြင့် ၅၅ ဒသမ ၄ ရာခိုင်နှုန်း တိုးလာပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက တန်ဖိုး ၄၁ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ်သတင်းက ဧပြီ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် မတ်လအတွင်းက တပ်ဆင်ထားပြီးဖြစ်သော ကားအစီးရေ ၁၅၀၀၀ ခန့် တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၈၇ သန်း ရှိကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံးမှ သိရသည်။

မတ်လအတွင်း တပ်ဆင်ထားပြီးဖြစ်သော ကားတင်သွင်းမှု ပြန်လည်အားကောင်းလာမှုသည် ဖေဖော်ဝါရီတွင် သွင်းကုန်လုပ်ငန်းများ သိသိသာသာ ကျဆင်းသွားခြင်းကြောင့်ဖြစ်ပြီး နှစ်သစ်ကူးအားလပ် ရက်အတွင်းကလည်း သွင်းကုန်လုပ်ငန်းများ ရပ်တန့်သွားကြောင်း အဆိုပါရုံးက ပြောကြားသည်။

ယခုနှစ် ပထမသုံးလပတ်တွင် ဗီယက်နမ်နိုင်ငံ သည် ဒေါ်လာ ၆၃၂ သန်းတန်ဖိုးရှိ တပ်ဆင်ထား ပြီးဖြစ်သော ကားအစီးရေ ၃၁၄၅၂ စီး တင်သွင်းခဲ့ပြီး ပမာဏအားဖြင့် ၂၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကာ တစ်နှစ်ထက်တစ်နှစ်  တန်ဖိုးအားဖြင့် ၃၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၏ တပ်ဆင်ထားပြီးဖြစ်သော ကားတင်သွင်းမှုသည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ဆက်တိုက်ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်

 

No comments

Powered by Blogger.